Home Blog Page 3
0
Jasmine (Mckzone Daily)
Source:Daily Mail
Unicode
၃နှစ်အရွယ်သမီးကို ၈ အစာငတ်ပြတ်ပြီးသေတဲ့အထိပိတ်လှောင်ပြီး ချစ်သူနဲ့ပျော်ပါးနေခဲ့တဲ့ မိခင် (ရုပ်သံ)
ဂျပန်နိုင်ငံ Tokyo မြို့မှာနေထိုင်လျက်ရှိတဲ့ အသက် 24နှစ်အရွယ် Saki Kakehashi အမည်ရှိတဲ့အမျိုးသမီးဟာ မိုင် 600 အကွာအဝေးမှာရှိတဲ့ ချစ်သူဆီ
သွားရောက်လည်ပတ်နိုင်ဖို့ 3နှစ်အရွယ်သမီးလေးကိုနေအိမ်မှာ 8ရက်ခန့်အထိပိတ်လှောင်ပြီးထားရစ်ခဲ့ပါတယ် ။ သူမဟာ အိမ်ထောင်ကွဲအမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကလေးငယ်ကိုအခုလိုတစ်ယောက်ထဲထားရစ်ခဲ့လို့လည်း အဆင်ပြေမယ်လို့တွေးထင်ပြီး ကလေးငယ်ကိုထားရစ်ခဲ့
ကာ ချစ်သူရှိရာ Kyushu ကျွန်းသို့တစ်ယောက်တည်းလေယာဉ်စီးပြီး ထွက်လာခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ် ။
Kakehashi ဟာပြီးခဲ့တဲ့ June 13 ရက်နေ့မှာမှ နေအိမ်သို့ပြန်ရောက်ခဲ့ပြီး သမီးဖြစ်သူ Nao မှာတော့ အသက်မရှိတော့ပါဘူး ။ ထို့ကြောင့်သူမဟာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကိုခေါ်ယူပြီးနောက် သမီးဖြစ်သူအသက်မရှုတော့တဲ့အကြောင်းကိုပြောပြခဲ့ပါတယ် ။ ကလေးငယ်ကိုတွေ့ရှိခဲ့ချိန်မှာတော့ ကလေးငယ်ဟာ ရက်ပေါင်များစွာ လဲဝတ်ပေးထားခြင်းမရှိတဲ့ ခါးတောင်ကျိုက်ပိတ်စကိုသာ ဝတ်ဆင်ထားပြီး ၊ တင်ပါးတွင်လည်း ညစ်ပတ်ပေရေနေကာ အဖုအပိန့်တွေထွက်နေခဲ့ပါသေးတယ် ။ တိုက်ခန်းတစ်ခုလုံးမှာလည်း အမှိုက်များစွာဖြင့် ညစ်ပတ်ပေရေနေကြောင်းလည်း သိရှိရပါတယ် ။
အလောင်းခွဲစိတ်စစ်ဆေးချက်များအရ ကလေးငယ်ရဲ့ ကိုယ်အင်္ဂါဟာအတော်လေးကိုချည့်နဲ့နေပြီး ၊ နှိပ်စက်ခံထားရတဲ့ လက္ခဏာတွေကိုလည်း တွေ့ရှိခဲ့တဲ့အပြင် ကလေးငယ်ရဲ့အစာအိမ်မှာလည်း အစာဟောင်းအကြွင်းအကျန်တွေမရှိတော့လောက်အောင် ဗလာဖြစ်နေခဲ့ကြောင်း အဖြေထွက်ပေါ်လာခဲ့ပါတယ် ။ ထိုအချိန်မှ မိခင်ဖြစ်သူ
ဟာ သမီးလေး Noa ဟာရက်ပေါင်းများစွာဖျားနာနေခဲ့ပေမဲ့လည်း ပိုက်ဆံမရှိလို့ဆေးရုံမပို့ခဲ့တာဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတော့တယ် ။ Noa တက်ရောက်ခဲ့တဲ့ နေ့ကလေးထိန်းကျောင်းကလည်း ကလေးငယ်ကျောင်းမလာတော့တာ 1နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ် ။ လက်ရှိမှာတော့ ကလေးမိခင် Kakehashi ဟာ သူမအပေါ်စွပ်စွဲချက်တွေအကုန်လုံးကို ဝန်ခံထားလျက်ရှိပါတယ် ။
Jasmine (Mckzone Daily)
Source:Daily Mail
0
crd : ALZY
Unicode
လူသန်းပေါင်း များစွာ ဝင်ကြည့်နေကြ တဲ့ ထီသည် လား အဆိုတော် လား (ရုပ်/သံ ကြည့် ရန်ပုံ ကို နှိပ်ပါ)
ထီ သည်လေး ဘဝကိုကြည့်ပီး အားကျမိတယ် ဘဝကိုရိုးသာစွာ ရုန်းကန်နေတာ တွေ့ရတယ်။ လူဘဝမှာ ဘယ်အလုပ်ပဲ လုပ်ရပါစေ အခုလိုထီသည်လေး လိုမျိုး အများအမြင်မှာလဲပျော်ရွှင်ရတယ်
သူအလုပ်သူ့ဝါသနာအတွက်လဲ အဆင်ပြေတယ်နော်။ အပြင်မှာတကယ့် အဆိုတော်အလားသီချင်းဆိုပြသွားတာလဲ အသံအရမ်းကောင်းပါတယ်။ ဘေးကလူတွေဝိုင်းကြည့်ရလောက်အောင်ဆိုပြ သွားပါတယ်။
ထီလဲရောင်းရ သီချင်းလဲဆိုရ အလုပ်ဖြစ်တာပေါ့နော်၊ ဒီထီသည်လေးကို တွေ့ရင် ထီအဆောင်ရေများများ အားပေးသွားကြပါဦး။ သီချင်းဆိုသံကြားပီဆိုတာနဲ့အခုထီရောင်းနေတဲ့ ထီသည်လေးဆိုတာကိုသိလိုက်ပါနော်။
ဒီလို ထီသည်မျိုးမှ ထီမထိုးရင် ဘယ်ထီသည်မှာ ထီထိုးမှာလဲ အားပေးလိုက်ကြပါဦး ကိုယ်ကတော့တွေ့လိုအားပေးခဲ့ပါပြီ။
crd : ALZY
0
မြန်မာနိုင်ငံမှာ ဆင်းရဲကြပ်တည်းလှတဲ့ မိသားစုဘဝစားဝတ်နေရေးကိုဖြေရှင်းဖို့အတွက် ထိုင်းနိုင်ငံကို အလုပ်ရှာထွက်လာတဲ့ အသက် ၁၈ နှစ်အရွယ် ကိုမြင့်နိုင်သည် ထိုင်းငါးဖမ်းလှေပေါ်မှာ အရောင်းစားခံခဲ့ရပါတယ်.. လခမပေးဘဲ ကျွန်လိုခိုင်းခံရပါတယ်..
အဲ့ဒီနောက် အင်ဒိုနီးရှားက ကျွန်းတွေပေါ်မှာ အခြားမြန်မာပြည်မှ ဘဝတူ ငါးဖမ်းကျွန် ၂ ယောက်နှင့်အတူ ဟင်းသီးဟင်းရွက်တွေ စိုက်ပြီး ပုန်းအောင်းနေခဲ့ပါတယ် အသီးအနှံထွက်ရောင်းရတဲ့ ဘဝတူသူငယ်ချင်းက အင်ဒိုနီးရှား ရဲတွေက ဖမ်းပြီး ငါးဖမ်းလှေပေါ်ပြန်ရောင်းစား၍ အဲ့ဒီလှေပေါ်မှာ ဖျားနာပြီး သေဆုံးခဲ့ရပါတယ်…
အဲ့ဒီနောက် အင်ဒိုနီးရှားက ကျွန်းတွေပေါ်မှာ အခြားမြန်မာပြည်မှ ဘဝတူ ငါးဖမ်းကျွန် ၂ ယောက်နှင့်အတူ ဟင်းသီးဟင်းရွက်တွေ စိုက်ပြီး ပုန်းအောင်းနေခဲ့ပါတယ် အသီးအနှံထွက်ရောင်းရတဲ့ ဘဝတူသူငယ်ချင်းက အင်ဒိုနီးရှား ရဲတွေက ဖမ်းပြီး ငါးဖမ်းလှေပေါ်ပြန်ရောင်းစား၍ အဲ့ဒီလှေပေါ်မှာ ဖျားနာပြီး သေဆုံးခဲ့ရပါတယ်…
Unicode
၂၂_နှစ်ကြာ_ကျွန်ဘဝဖြင့်_နေခဲ့ရသော_မြန်မာ_ငါးဖမ်းသမားတစ်ဦး၏ အိမ်အပြန်မြင်ကွင်းလေးပါ
မြန်မာနိုင်ငံမှာ ဆင်းရဲကြပ်တည်းလှတဲ့ မိသားစုဘဝစားဝတ်နေရေးကိုဖြေရှင်းဖို့အတွက် ထိုင်းနိုင်ငံကို အလုပ်ရှာထွက်လာတဲ့ အသက် ၁၈ နှစ်အရွယ် ကိုမြင့်နိူင်သည် ထိုင်းငါးဖမ်းလှေပေါ်မှာ အရောင်းစားခံခဲ့ရပါတယ်.. လခမပေးဘဲ ကျွန်လိုခိုင်းခံရပါတယ်..
ပထမ အခေါက်ကျွန်ပြုခံရတာ ၅ နှစ်ကြာခဲ့ပြီး အဲ့ဒီလှေပေါ်မှခုန်ချထွက်ပြေး ခဲ့ပါတယ်…
အင်ဒိုနီးရှားက ကျွန်းစုတွေပေါ်မှာ ပုန်းအောင်းနေခဲ့ပြီး ၅ နှစ်ကြာမှာ မြန်မာပြည်ကို ပြန်ခွင့်ရမလား ..
ရည်ရွယ်ချက်နဲ့ အင်ဒိုနီးရှားငါးဖမ်းလှေပေါ် ပြန်လည်လိုက်ခဲ့ပါတယ်… အဲဒီလှေပေါ်မှာလည်း ကျွန်လိုခိုင်းစေနှိပ်စက်မှု့ကို ၈ နှစ်လောက် ခံခဲ့ရပြန်တယ်…
အိမ်ပြန်ချင်၍ ခြေသလုံးဘက်ပြီး တောင်းပန်ပေမဲ့လည်း သံကြိုးခတ်ပြီး ဖမ်းဆီးခံခဲ့ရပါတယ်….
သံကြိုးအချုပ်အနှောင်တွေကို ရတဲ့ သံချောင်းလေးများနှင့် ကြိုးစားဖွင့်ယူပြီး ပင်လယ်ထဲကို အသေခံ ခုန်ချပြီး ထွက်ပြေးခဲ့ပါတယ် …
အဲ့ဒီနောက် အင်ဒိုနီးရှားက ကျွန်းတွေပေါ်မှာ အခြားမြန်မာပြည်မှ ဘဝတူ ငါးဖမ်းကျွန် ၂ ယောက်နှင့်အတူ ဟင်းသီးဟင်းရွက်တွေ စ်ိုက်ပြီး ပုန်းအောင်းနေခဲ့ပါတယ် အသီးအနှံထွက်ရောင်းရတဲ့ ဘဝတူသူငယ်ချင်းက အင်ဒိုနီးရှား ရဲတွေက ဖမ်းပြီး ငါးဖမ်းလှေပေါ်ပြန်ရောင်းစား၍ အဲ့ဒီလှေပေါ်မှာ ဖျားနာပြီး သေဆုံးခဲ့ရပါတယ်…
အဲ့ဒီနောက် အင်ဒိုနီးရှားက ကျွန်းတွေပေါ်မှာ အခြားမြန်မာပြည်မှ ဘဝတူ ငါးဖမ်းကျွန် ၂ ယောက်နှင့်အတူ ဟင်းသီးဟင်းရွက်တွေ စ်ိုက်ပြီး ပုန်းအောင်းနေခဲ့ပါတယ် အသီးအနှံထွက်ရောင်းရတဲ့ ဘဝတူသူငယ်ချင်းက အင်ဒိုနီးရှား ရဲတွေက ဖမ်းပြီး ငါးဖမ်းလှေပေါ်ပြန်ရောင်းစား၍ အဲ့ဒီလှေပေါ်မှာ ဖျားနာပြီး သေဆုံးခဲ့ရပါတယ်…
0
Unicode
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပါဝင်လှူ ဒါန်းခဲ့တဲ့ သန္တာလှိုင်တို့ဇနီးမောင်နှံ
မော်ဒယ်လ်လောကရဲ့ စံပြတစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကိုတော့ ပရိသတ်တွေသိကြမှာပါ။ သန္တာလှိုင်ကတော့ အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားတာကြောင့်လည်း အခြားသူတွေအတွက် အားကျစရာကောင်းနေတာပါ။ သန္တာလှိုင်ကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတာမျိုးတွေအတွက် ဗဟုသုတတွေမျှဝေပေးတတ်သလို ကိုယ်တိုင်လည်း ပါဝင်လှူဒါန်းတတ်သူပါ
သန္တာလှိုင်အလှူနဲ့ပတ်သက်ပြီး 3A Forest Restoration Society ကနေပြီးတော့ “၁၂.၇.၂၀၂၀ရက်နေ့မှာ တောင်တွင်းကြီးသစ်ပင်ချစ်သူများကွန်ယက်မှဦးဆောင်ပြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်သွားမည့် သစ်ပင်စိုက်ပျိုးပွဲနှင့်ရေရှည်ထိန်းသိမ်းဆောင်ရွက်ရေးအစီအစဉ်အတွက် 3A အဖွဲ့နှင့်အတူ ပူးပေါင်းလှူဒါန်းမှုအဖြစ် အရိပ်ရသစ်ပင် (၅၀၀)အားမွေးနေ့အထိမ်းအမှတ်အဖြစ် လှူဒါန်းပေးခဲ့သည့် အမ မသန္တာလှိုင် အား ကျနော်တို့ 3A Forest Restoration Society မှ အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မွေးနေ့မှသည်နှစ်ပေါင်းများစွာတိုင်အောင် သဘာဝပတ်ဝန်းကျင်၏ စိမ်းလန်းခြင်း၊ခိုင်ခံ့တည်တံ့ခြင်းနှင့်အတူ ပျော်ရွှင်ဘဝကိုပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုတောင်းအပ်ပါတယ်ခင်ဗျာ”ဆိုပြီးတော့ ရေးသားဖော်ပြထားတာပါ။
သန္တာလှိုင်ကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ကိုယ်က အပင် ၅၀၀ စိုက်ရင် သူတို့ကလဲ ၅၀၀ ထပ်စိုက်ပေးတဲ့ 3A Forest Restoration Society ကို ကျေးဇူးအထူးတင်လျှက်… ဒါတောင် အိမ်မှာ ကိုယ်စားပြီး ကောင်းတဲ့အစိတွေ ကိုယ်တိုင်ပျိုးပြီး လျှောက်စိုက်ထားတဲ့ ဒူရင်းပင် လိုင်ချီးပင်တွေ သီဟိုအပင်နဲ့ မင်းဂွတ်အပင်တွေ က ဒီ ၅၀၀ အပြင် သပ်သပ်ထပ်စိုက်ထားတာနော်… နောက်လထဲမှာလဲ နောက်ထပ် အပင် ၅၀၀ ထပ်စိုက်အုံးမယ် ဘယ်သူတွေပါဝင်စိုက်ကြမလဲ?” ဆိုပြီးတော့ ရေးသားထားပါသေးတယ်။ သန္တာလှိုင်ကတော့ လက်ရှိအလှူအပြင်နောက်ထပ်လည်းထပ်ပြီးတော့ လှူဒါန်းသွားဦးမယ်လို့သိရပါတယ်။ သူ့လိုမျိုးသစ်ပင်စိုက်ပျိုးရေးမှာလှူချင်တဲ့သူတွေရှိလားနေ။
0
Jasmine (Mckzone Daily)
Source: worldofbuzz
Unicode
စားသောက်ဆိုင်မှာ တစ်ယောက်တည်းမွေးနေ့ပွဲကျင်းပနေတဲ့ အဒေါ်ကြီးအတွက် ကောင်လေးတစ်ယောက်ရဲ့လုပ်ရပ်
မွေးနေ့ပွဲ ကျင်းပတယ်ဆိုတာက ကိုယ့်ရဲ့ဆွေမျိုး ၊ မိတ်ဆွေ ၊ မိသားစုတွေ စုံစုံလင်လင်နဲ့ကျင်းပကြတဲ့ ပွဲတစ်ခုပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်မှာတော့ အန်တီ Wang အမည်ရှိတဲ့ တရုတ်နိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ ပြီးခဲ့တဲ့ November 27 ရက်နေ့က သူမရဲ့မွေးနေ့ပွဲကိုတစ်ယောက်တည်း ကျင်းပခဲ့ပါတယ် ။
သူမမှာ ဆွေးမျိုးဆိုလို့ သူမရဲ့ အသက်90 အရွယ်မိခင်ကြီးရယ် နဲ့ Kunming မြို့မှာ အလုပ်လုပ်ကိုင်နေခဲ့တဲ့ သူမရဲ့သားတစ်ယောက်သာ ရှိပါတယ် ။ သူမရဲ့မိခင်မှာ အသက်ကြီးလွန်းနေပြီး ၊ သားဖြစ်သူဟာလည်း အိမ်ပြန်လာဖို့ မအားလပ်ခဲ့တဲ့အတွက် သူမတစ်ယောက်တည်း စားသောက်ဆိုင်ကို သွားပြီး သူမရဲ့မွေးနေ့ပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ် ။
စားသောက်ဆိုင်လည်းရောက်ရော သူမဟာ ဟင်းပွဲနှစ်ပွဲမှာယူပြီးနောက် သူမယူလာခဲ့တဲ့ မွေးနေ့ကိတ်လေးကို ထုတ်ပြီးတစ်ယောက်ထဲ မွေးနေ့ပွဲကျင်းပခဲ့ပါတယ် ။ သူမရဲ့ခင်ပွန်းဖြစ်သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း 30 ခန့်ကတည်းက သေဆုံးသွားခဲ့ရတာဖြစ်ပြီး သူမရဲ့သားလေး အသက် 6နှစ်ကတည်းက သူမတစ်ယောက်တည်းကျွေးမွေးပြီး ပြုစုရုန်ကန်ခဲ့ရတာဖြစ်ပါတယ် ။
သူမရဲ့ သားလေးအတွက် video အတိုလေးပို့ပေးချင်လို့ဆိုပြီး စားပွဲထိုးတစ်ယောက်ကို video ရိုက်ကူးစေပြီးနောက် ” ဒါက နင့်အမေရဲ့ အသက်60 ကျော် နောက်ဆုံးမွေးနေ့ပဲ ၊ အမေ့ မွေးနေ့မှာ သားလေးလည်းရှိဖို့ အမေအတော်လေး မျှော်လင့်ထားမိတယ် ၊ သားကို အရမ်းသတိရတယ် ၊ နောက်နှစ် အမေ့ရဲ့ အသက် 70 ပြည့်မွေးနေ့ကျရင် သားလည်းအတူရှိနေဖို့ အမေမျှော်လင့်မိတယ် ” ဆိုပြီး သားလေးအတွက် ပြောဆိုခဲ့ပါတယ် ။
အန်တီ Wang ရဲ့စကားကြောင့် ဘေးဖက်စားပွဲဝိုင်းမှာထိုင်နေခဲ့တဲ့ ကောင်လေးဟာ မျက်ရည်မဆည်နိုင်တော့ဘဲ စားသောက်ပြီးနောက် ပိုက်ဆံရှင်းဖို့ ကောင်တာဆီသို့ သွားရောက်ခဲ့ပြီး အန်တီ Wang အတွက်ပါ ငွေရှင်းပေခဲ့ပါတယ် ။ ထို့နောက် အန်တီ Wang ဆီသို့သွားပြီး ” Happy Birthday ပါအန်တီ နေကောင်းကျန်းမာဖို့ ကျွန်တော်ဆုတောင်းပေးပါတယ်
ဆိုပြီး သွားရောက်ပြောဆိုခဲ့ပါသေးတယ် ။ ဆိုင်ရှင်က အန်တီ Wang အတွက် ပိုက်ဆံမရှင်ပေးဖို့ ၊ ဆိုင်ဖက်က Free အနေနဲ့ ကျွေးမွေးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပေမဲ့လည်း ကောင်လေးက လက်မခံဘဲ ငွေရှင်းပေးခဲ့ပါတယ် ။ ဆိုင်ရှင်ကို ပြန်မပြောပြဖို့မှာထားပေမဲ့လည်း ဆိုင်ရှင်ကမနေနိုင်ဘဲ အန်တီWang ကိုပြောပြခဲ့တဲ့အတွက် အန်တီ Wang က ကောင်လေးကို ငွေပြန်ပေးဖို့ကြိုးစားခဲ့ပါတယ် ။
သို့ပေမဲ့လည်း ကောင်လေးဟာ လက်မခံဘဲ နောက်နှစ်မွေးနေ့ကျရင် အန်တီ Wang ရဲ့သားဖြစ်သူမှာ အတူတူရှိနေမှာသေချာကြောင်း ပြောဆိုခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ကို အန်တီ Wang က သူမရဲ့သားဖြစ်သူကို ပြောပြခဲ့ချိန်မှာတော့ သားဖြစ်သူဟာ အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့ပြီးနောက် ” ကျွန်တော် လုပ်ပေးသင့်တဲ့ အရာတစ်ခုကို အခြားတစ်ယောက်က ကိုယ်စားလုပ်ပေးခဲ့တဲ့အတွက် သူ့ကိုအတော်လေး ကျေးဇူးတင်မိကြောင်း” သားဖြစ်သူက ပြန်လည်ဖြေကြားခဲ့ပါတယ် ။
အန်တီ Wang ဟာ သူမရဲ့ယခုနှစ်မွေးနေ့ဟာ အတော်လေး အထီးကျန်ခဲ့ပေမဲ့လည်း ကောင်လေးရဲ့လုပ်ရပ်ကြောင့် လုံးဝမမေ့နိုင်လောက်အောင် အဓိပ္ပာယ်ပြည့်စုံသွားခဲ့ကြောင်း ပြောဆိုခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ကို social media ပေါ်ဝေမျှခဲ့ချိန်မှာတော့ လူအများစုက မိဘတွေကိုမပစ်ထားသင့်ကြောင်း နှင့် မိဘတွေကို မကြာခဏသွားရောက်လည်ပတ်ကြမည်ဖြစ်ကြောင်း မျိုးစုံးရေးသားခဲ့ကြပြီး အန်တီ Wang အတွက်လည်း မွေးနေ့ဆုတောင်စကားများ ပို့ခဲ့ကြပါတယ် ။
Jasmine (Mckzone Daily)
Source: worldofbuzz
0
09 452493533
09 402530264
unicode
၆လပိုင်းထဲက ၁၀တန်းကျောင်းသားလေးပျောက်ဆုံးသွားလို့အမေ နဲ့ အစ်မ သနားစရာကောင်းလောက်အောင် လိုက်ရှာနေပါတယ်
၆လပိုင်းထဲက ၁၀တန်းကျောင်းသားလေးပျောက်ဆုံးသွားလို့အမေ နဲ့ အစ်မ သနားစရာကောင်းလောက်အောင် လိုက်ရှာနေပါတယ်
ဖြစ်စဉ်က 8.6.2020 ရက်နေ့က မန္တလေးကနေ မုံရွ ာကိုပြန်ဖို့ ကားဝင်းထဲပို့ပြီး နောက်(၁)နာရီခန့် အကြာမှာ
အဆက်အသွယ်ပြတ်ပြီး ယနေ့ချိန်ထိ ပျော က်ဆုံးသွားပါတယ်လို့ သိရပါတယ်။
မုံရွာထိ ရောက်သွားလား … ကားကွင်းမှာပဲ ပျောက်သွားတာ လား မသိပဲ ပျောက်ဆုံးသွားတဲ့အတွက် အမေနဲ့ အစ်မဖြစ်သူတို့မှာ နေ့စဉ် ကလေးဓါတ်ပုံလေး ကိုင်ပြီး လိုက်လံစုံစမ်းနေလျှက်ရှိပါတယ်။
ကလေးကို သိရှိသူများ တွေ့ရှိသူမျ ားအနေနဲ့အောက်ပါ ဖုန်းနံပါတ် များထံသို့ ကူညီအကြေ ာင်းကြားပေးကြပါရန် မေ တ္တာရပ်ခံ အပ်ပါ သည်ခင်ဗျား။
အစ်မဖြစ်သူ- မကြည်ကြည်သန်း
09 452493533
ဦးလေးဖြစ်သူ – ကိုသိန်းမော်
09 402530264
ယနေ့ ဇူလိုင်လ(၈)ရက် ၁၆ ကြိမ်မြောက်ရုံးချိန်းးတွင် မိုးအောင်ရင်၏ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုး
0
ထိုသို့ ပြင်ဆင်ချက် လျောက်ထားမှုအပေါ်ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး ကပယ်ချခဲ့ပြီး စွဲချက်အမိန့်ကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။
Source : Moe Aung Yin
Unicode
မိုးအောင်ရင်အမှုတွင် တရားခံပြသက်သေ တင်သွင်းရန် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးပြုလုပ်မည်။
သရုပ်ဆောင်မိုးအောင်ရင်အမှုတွင် တရားခံပြသက်သေတင်သွင်းရန်မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေး (CNP) ကိုလာမည့် ဇူလိုင် ၁၀ ရုံးချိန်းအတွင်း အပြီးသတ်ပြုလုပ်သွားရန်ရှိကြောင်း ရန်ကင်းမြို့နယ်တရား သူကြီး ဦးထွန်းနိုင်ဝင်းက သတင်းထောက်များအား ပြောသည်။
ယနေ့ ဇူလိုင်လ(၈)ရက် ၁၆ ကြိမ်မြောက်ရုံးချိန်းတွင် မိုးအောင်ရင်၏ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုး ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယနေ့ ရုံးချိန်းတွင် စွပ်စွဲခံရသူ မိုးအောင်ရင်နှင့် ၎င်း၏ရှေ့နေ၊ တရားလိုဘက်မှ မခင်မြတ်နိုးနှင့် ၎င်း၏ရှေ့ နေတို့ တရားခွင်သို့ စုံလင်စွာလာရောက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၁၅ ကြိမ်မြောက်ရုံးချိန်းတွင် မိုးအောင်ရင်မရောက်လာသည့်အတွက် ၎င်း၏ရှေ့နေအား တရား သူကြီးက နောက်ဆုံးအနေဖြင့်သာခွင့်ပြုတော့မည်ဖြစ်ကြောင်း သတိပေးပြော ကြားခဲ့သေးသည်။
မိုးအောင်ရင်အား ရန်ကင်းမြို့နယ်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၁၇ ဖြင့် စွဲချက်အမိန့်ချမှတ်ခဲ့ သည့်အပေါ်မိုးအောင်ရင်ဘက်မှ မကျေနပ်သဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးသို့ ပြင်ဆင်ချက် လျှောက်ထားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပြင်ဆင်ချက် လျောက်ထားမှုအပေါ်ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး ကပယ်ချခဲ့ပြီး စွဲချက်အမိန့်ကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။Source : Moe Aung Yin
0
Unicode
ကိုးရီးယားသံအမတ်ကြီးရဲ့ အိမ်တော်မှာ အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားဂုဏ်ပြုခံခဲ့ရတဲ့ ဘီလီလမင်းအေး(ပုံထိ၍ဖတ်ပါ)
ပရိသတ်ကြီးရေ ဘီလီလမင်းအေးကတော့ MYANMAR IDOLသီချင်းဆိုပြိုင်ပွဲကြီးကနေ ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။သူမကတော့ ပရိသတ်တွေအကြိုက်နဲ့ထပ်တူကျသီချင်းတွေထွက်ရှိထားပြီး အောင်မြင်မှုတွေရရှိခဲ့ပါတယ်။
အခုနောက်ပိုင်းမှာလည်း ပရိသတ်တွေအတွက် သီချင်းအသစ်တွေထွက်ရှိလာနိုင်ဖို့ကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ဘီလီလမင်းအေးကတော့ အနေအေးပြီး ချစ်စရာကောင်းတဲ့အပြုအမူလေးတွေကြောင့်လည်း ပရိသတ်အချစ်ပိုရသူလေးဆိုလည်း မမှားပါဘူးနော်.။သူမတော့ ပရိသတ်တွေအတွက် အနုပညာလှုပ်ရှားမှု
လေးတွေကိုလည်း အမြဲမျှဝေပေးလေ့ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။အခုဆိုရင်လည်း ဘီလီလမင်းအေးက အထူးဧည့်သည်တော်အဖြစ်ဖိတ်ကြားခြင်းခံရပြီး အရမ်းလေးစားရတဲ့ ကိုရီးယားသံအမတ်ကြီးနဲ့အတူ နေ့လည်စာစားခွင့်ရတဲ့အကြောင်းလေးကို မျှဝေလာခဲ့ပါတယ်။
သူမကတော့ “ Thank you so much for inviting me as a special guest ….Very Honorable Lunch with Korean Ambassador.”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှကြနေ ရေးသားမျှဝေထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးအတွက်လည်း အရမ်းလေးစားရတဲ့ ကိုရီးယားသံအမတ်ကြီးနဲ့အတူ နေ့လည်စာစားခွင့်ရလို့ ပျော်ရွှင်နေတဲ့ ဘီလီလမင်းအေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။
0
ချစ်သူထားရင် တဈခါမွ Silent မထားဖူးလို့ အားလုံးကိုကြိုပီး တောင်းပန် လိုက်တာပါ” ဆိုတဲ့ စာေ လးအပြင် သူမရဲ့ my dayမွာ အခုလက်ရွိမွာ ခေတ်စားနေတဲ့ ကာတွန်း ဗီဒီယိုဖိုင်လေးကို နေဒွေးနဲ့အတူတွဲရိုက်ထားတဲ့ပုံလေးနဲ့ တင်ခဲ့တာဖြဈပြီး ဖုန်းတွေ မွာလည်း အပြန်အလွန်ပုံေ လးေ တွ Wallpaper ထားထားကြောင်း တင်လာခဲ့တာပဲ ဖြဈပါတယ်။
Source: Htang Ra
Unicode
နေဒွေး နဲ့ ချစ်သူတွေ ဖြစ်နေကြောင်း တရားဝင်ချ ပြလာတဲ့ TikTok ဆယ် လီ မလေး Htang Ra
ပရိသတ်ကြီးရေ လက်ရှိ မှာတော့ မိန်းကလေး ပရိသတ်တွေ အာရုံစိုက်နေတဲ့ အရာကတော့ မင်းသားနေဒွေး ချစ်သူရနေပြီလားဆိုတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ဒိတ်ဒိတ်ကြဲ မင်းသမီးဝတ်မှုံရွှေရည်နဲ့ ဆင်တဲ့ TikTok ဆယ်လီတစ်ဦးဖြစ် တဲ့ Htang Ra ကတော့ နေဒွေး နဲ့ ချစ်သူဖြစ်နေကြောင်း တရားဝင်ချပြလာတာပါပဲနော်။
ပရိသတ်တွေကလည်း သဘောတူ ကြည်ဖြူနေကြတာဖြစ်ပြီး လိုက်ဖက်ညီတဲ့ အတွဲလေး လို့ မှတ်ချက်တွေပေးနေကြတာပါ။ နေဒွေးကတော့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဘာမှတော့ တင်ထားခြင်းမရှိသေးပါဘူးနော်။
ပရိသတ်ကြီးလည်း နေဒွေးနဲ့ TikTok ဆယ်လီမလေးကို သဘောတူ ရဲ့လားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ြ က ပါစေလို့ ဆုတောင်းပေး လိုက် ပါတယ်နော်။
Source: Htang Ra
Candy -CeleConnections
0
Unicode
ကွန်တိန်နာအား ကားလေးမှ နောက်ကဝင်တိုက် ကားပေါ်ပါလာသူ (၆)ဦးအနက် (၅)ဦး ပွဲချင်းပြီးသေဆုံး
ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ်အမှတ်(၃)လမ်းတိုးဂိတ်အနီးရှိDenkoဆီဆိုင်အနီးတွင်ကွန်တင်နာအားကားလေးမှ​နောက်ကဝင်တိုက်မှုဖြစ်ပွားခဲ့ပါသည်။
ားပေါ်ပါရှိလာသောအမျိုးသား(၆)ဦးအနက်(၅)ဦးနေရာမှာတင်သေဆုံးတစ်ဦးအသက်ရှင်လျှက်ရှိသော်လည်းစိုးရိမ်ရအနေထားရှိပုလဲအရန်မီးသတ်တပ်ဖွဲ့မှလူနာတင်ယာဉ်(၄)စီးကယ်ဆယ်ရေးယာဉ်(၁)စီးတပ်ဖွဲ့ဝင်(၂၃)ဦး ဖြင့်သွားရောက်ကူညီခဲ့ပြီး​မေဒါဝီဆေးရုံးသို့ပို့ဆောင်ကူညီခဲ့ပါသည် ။
ယနေ့နံနက်ပိုင်းတွင်ကျန်တစ်ဦးပါထပ်မံဆုံးပါးသွားသည်။ဟုကြားသိရပါသည်။အားလုံးကောင်းရာသုဂတိလားပါစေ
သတင်းဓါတ်ပုံ-ကိုထင်လင်းအောင်(ပုလဲအရန်မီးသတ်)
ကွန်တိန်နာအား ကားလေးမှ နောက်ကဝင်တိုက် ကားပေါ်ပါလာသူ (၆)ဦးအနက် (၅)ဦး ပွဲချင်းပြီးသေဆုံး
ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ်အမှတ်(၃)လမ်းတိုးဂိတ်အနီးရှိDenkoဆီဆိုင်အနီးတွင်ကွန်တင်နာအားကားလေးမှ​နောက်ကဝင်တိုက်မှုဖြစ်ပွားခဲ့ပါသည်။
ားပေါ်ပါရှိလာသောအမျိုးသား(၆)ဦးအနက်(၅)ဦးနေရာမှာတင်သေဆုံးတစ်ဦးအသက်ရှင်လျှက်ရှိသော်လည်းစိုးရိမ်ရအနေထားရှိပုလဲအရန်မီးသတ်တပ်ဖွဲ့မှလူနာတင်ယာဉ်(၄)စီးကယ်ဆယ်ရေးယာဉ်(၁)စီးတပ်ဖွဲ့ဝင်(၂၃)ဦး ဖြင့်သွားရောက်ကူညီခဲ့ပြီး​မေဒါဝီဆေးရုံးသို့ပို့ဆောင်ကူညီခဲ့ပါသည် ။
ယနေ့နံနက်ပိုင်းတွင်ကျန်တစ်ဦးပါထပ်မံဆုံးပါးသွားသည်။ဟုကြားသိရပါသည်။အားလုံးကောင်းရာသုဂတိလားပါစေ
သတင်းဓါတ်ပုံ-ကိုထင်လင်းအောင်(ပုလဲအရန်မီးသတ်)