ဇနီးသည္ကို ေခ်ာင္းေျမာင္းေလ့ရွိသူကို ဓားျဖင့္လည္ပင္းခုတ္သတ္မွုျဖစ္ပြား

0
1243

ဇနီးသည္ကို ေခ်ာင္းေျမာင္းေလ့ရွိသူကို ဓားျဖင့္လည္ပင္းခုတ္သတ္မွုျဖစ္ပြား

အကုနသိသတင္းဌာန

ဇနီးသည္အား အျမဲလိုလိုလာေရာက္ေခ်ာင္းေျမာင္းေလ့ရွိသူကို ဓားျဖင့္လည္ပင္းခုတ္သတ္လိုက္သည့္ျဖစ္စဥ္တစ္ခု ေတာင္တြင္းႀကီးၿမိဳ့နယ္၌ ျဖစ္ပြားေၾကာင္း သတင္းရရွိသည္။

မေကြးတိုင္းေဒသႀကီး၊ ေတာင္တြင္းႀကီးၿမိဳ့နယ္၊ တိုက္ပြဲေက်းရြာအုပ္စု၊ ဘန္းကုန္းေက်းရြာအေနာက္ဘက္၊ ဆည္အနီး၌ ဇြန္(၂၉)ရက္၊ နံနက္ ၇ နာရီခြဲခန႔္တြင္ လူတစ္ဦးလည္ပင္းျပတ္ထြက္ဒဏ္ရာျဖင့္ ေသဆုံးေနေၾကာင္း သတင္းေပးခ်က္ေၾကာင့္ တာဝန္ရွိသူမ်ားကသြားေရာက္ စစ္ေဆးခဲ့ၾကသည္။

ေသဆုံးသူမွာ ဂုံညင္းတန္းေက်းရြာေန (၃၈)ႏွစ္ရွိ သံခဲဆိုသူျဖစ္ၿပီး လည္ပင္းျပတ္ထြက္၊ ဝဲပုခုံးျပတ္ရွ၊ ယာလက္ဖ်ံျပတ္ရွစသည့္ဒဏ္ရာမ်ားျဖင့္ ရဲတင့္(၄၀)ႏွစ္ဆိုသူ၏ ေနအိမ္အနီး၌ လဲက်ေသဆုံးေနျခင္းျဖစ္သည္ကို ေတြ႕ရွိခဲ့ၾကသည္။

ေသဆုံးသူသံခဲ(၃၈)ႏွစ္မွာ အခင္းျဖစ္ေနအိမ္အနီးရွိ ရဲတင့္(၄၀)ႏွစ္၏ ဇနီးမ——-(၄၅)ႏွစ္ႏွင့္ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလပိုင္း၌ တရားမဝင္ေပါင္းသင္းေနထိုင္ခဲ့ဖူးရာမွ ခင္ပြန္းျဖစ္သူရဲတင့္ႏွင့္ျပန္လည္ေပါင္းသင္းေနထိုင္ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

ယင္းအတြက္ေၾကာင့္ ေသဆုံးသူသံခဲ(၃၈)ႏွစ္က ရဲတင့္(၄၀)ႏွစ္၏ဇနီးကို လာေရာက္ေခ်ာင္းေျမာင္းေလ့ရွိရာ ဇြန္(၂၈)ရက္၊ ညအခ်ိန္တြင္ ေနအိမ္အနီးသို့ ထုံးစံအတိုင္းေရာက္ရွိလာၿပီးအရက္မူး၍အိပ္ေပ်ာ္ေနသည္ကို နံနက္ပိုင္းအခင္းျဖစ္သည့္အခ်ိန္၌ ရဲတင့္(၄၀)ႏွစ္က ေတြ႕ရွိသျဖင့္ သည္းမခံနိုင္ေသာေၾကာင့္ ဓားႏွင့္ခုတ္သတ္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ ျပစ္မွုက်ဴးလြန္သူ ရဲတင့္(၄၀)ႏွစ္ကို ကုကၠိဳကုန္းနယ္ေျမရဲစခန္း(ပ)၂၀/၂၀၂၀၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၀၂ျဖင့္ အမွုေရးဖြင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။

သတင္း-ထက္သူရ(ေတာင္တြင္းႀကီး)

ဓါတ္ပုံ-ကုကၠိဳကုန္းနယ္ေျမရဲစခန္း

Unicode

ဇနီးသည်ကို ချောင်းမြောင်းလေ့ရှိသူကို ဓားဖြင့်လည်ပင်းခုတ်သတ်မှုဖြစ်ပွား

အကုနသိသတင်းဌာန

ဇနီးသည်အား အမြဲလိုလိုလာရောက်ချောင်းမြောင်းလေ့ရှိသူကို ဓားဖြင့်လည်ပင်းခုတ်သတ်လိုက်သည့်ဖြစ်စဉ်တစ်ခု တောင်တွင်းကြီးမြို့နယ်၌ ဖြစ်ပွားကြောင်း သတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ တိုက်ပွဲကျေးရွာအုပ်စု၊ ဘန်းကုန်းကျေးရွာအနောက်ဘက်၊ ဆည်အနီး၌ ဇွန်(၂၉)ရက်၊ နံနက် ၇ နာရီခွဲခန့်တွင် လူတစ်ဦးလည်ပင်းပြတ်ထွက်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သတင်းပေးချက်ကြောင့် တာဝန်ရှိသူများကသွားရောက် စစ်ဆေးခဲ့ကြသည်။

သေဆုံးသူမှာ ဂုံညင်းတန်းကျေးရွာနေ (၃၈)နှစ်ရှိ သံခဲဆိုသူဖြစ်ပြီး လည်ပင်းပြတ်ထွက်၊ ဝဲပုခုံးပြတ်ရှ၊ ယာလက်ဖျံပြတ်ရှစသည့်ဒဏ်ရာများဖြင့် ရဲတင့်(၄၀)နှစ်ဆိုသူ၏ နေအိမ်အနီး၌ လဲကျသေဆုံးနေခြင်းဖြစ်သည်ကို တွေ့ရှိခဲ့ကြသည်။

သေဆုံးသူသံခဲ(၃၈)နှစ်မှာ အခင်းဖြစ်နေအိမ်အနီးရှိ ရဲတင့်(၄၀)နှစ်၏ ဇနီးမ——-(၄၅)နှစ်နှင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလပိုင်း၌ တရားမဝင်ပေါင်းသင်းနေထိုင်ခဲ့ဖူးရာမှ ခင်ပွန်းဖြစ်သူရဲတင့်နှင့်ပြန်လည်ပေါင်းသင်းနေထိုင်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းအတွက်ကြောင့် သေဆုံးသူသံခဲ(၃၈)နှစ်က ရဲတင့်(၄၀)နှစ်၏ဇနီးကို လာရောက်ချောင်းမြောင်းလေ့ရှိရာ ဇွန်(၂၈)ရက်၊ ညအချိန်တွင် နေအိမ်အနီးသို့ ထုံးစံအတိုင်းရောက်ရှိလာပြီးအရက်မူး၍အိပ်ပျော်နေသည်ကို နံနက်ပိုင်းအခင်းဖြစ်သည့်အချိန်၌ ရဲတင့်(၄၀)နှစ်က တွေ့ရှိသဖြင့် သည်းမခံနိုင်သောကြောင့် ဓားနှင့်ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ပြစ်မှုကျူးလွန်သူ ရဲတင့်(၄၀)နှစ်ကို ကုက္ကိုကုန်းနယ်မြေရဲစခန်း(ပ)၂၀/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ဖြင့် အမှုရေးဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်း-ထက်သူရ(တောင်တွင်းကြီး)

ဓါတ်ပုံ-ကုက္ကိုကုန်းနယ်မြေရဲစခန်း

LEAVE A REPLY

Please enter your comment!
Please enter your name here