
0
582





Unicode

ပကာသနတွေမရှိတဲ့ အဖေ့ရဲ့ထရံအိမ်အဟောင်းလေးက သူမအတွက် အငြိမ်းချမ်းဆုံးနေရာလေးပါဆိုတဲ့ ခင်သဇင်

ပရိသတ်ကြီးရေ ခင်သဇင်ကတော့ ” ထာဝရနှောင်ကြိုး”ဇာတ်လမ်းတွဲကနေ ပရိသတ်တွေပိုမို အားပေးခြင်းခံလာရတဲ့ မင်းသမီးတစ်လက်ပါ။ မကြာသေးခင်ဇာတ်သိမ်းသွားပြီဖြစ်တဲ့ MRTV4ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ ” အချစ်ဖွဲ့လေညင်း “ဇာတ်လမ်းတွဲမှာ မိုးကလျာဆိုတဲ့ ဗီလိန်ကာရိုက်တာအနေနဲ့ပါဝင်ခဲ့တာဖြစ်ပါတယ်။

ီနေ့မှာတော့ ” ဒီကမ္ဘာမှာ အကြိုက်ဆုံးနေရာက အဖေ့ခြံ ထဲက အပင်လေးတွေ စိုက်ထားတဲ့ ထရံ အိမ် အဟောင်းလေး ပကာသနတွေ မပါတဲ့ အငြိမ်းချမ်းဆုံး နေရာလေး”ရန်ကုန် မပြန်ချင်လောက်အောင် ဆွဲဆောင်လွန်းတဲ့ ပကတိ ရိုးစင်းတဲ့ အဖေ့အိမ်လေး ”ဆိုတဲ့စာလေးတွေနဲ့ သူမရဲ့အဖေအိမ်မှာရိုက်ကူးထားတဲ့အလှပုံလေးတွေဝေမျှခဲ့တာပါ။

လက်ရှိမှာတော့ ခင်သဇင်က မန္တလေးကို အလုပ်ကိစ္စနဲ့ရောက်ရှိနေတာ ဖြစ်ပါတယ်။ ပကာသနတွေမမက်ဘဲ အရှိကိုအရှိအတိုင်းချပြတတ်တဲ့ ခင်သဇင်ကိုချစ်တဲ့ပရိသတ်တွေရှိရင် မှတ်ချက်ပေးခဲ့ပါဦးCeleConnectionsပရိသတ်ကြီးရေ

LEAVE A REPLY

Please enter your comment!
Please enter your name here