မႏၲေလးၿမိဳ့လယ္တြင္ ေသနတ္ျဖင့္အနီးကပ္ပစ္ခတ္မွုမွ တရားခံကို၂၄နာရီအတြင္း ဖမ္းမိ

0
288

မႏၲေလးၿမိဳ့လယ္တြင္ ေသနတ္ျဖင့္အနီးကပ္ပစ္ခတ္မွုမွ တရားခံကို၂၄နာရီအတြင္း ဖမ္းမိ

မႏၲေလး၊ ဇြန္ ၂၈

မႏၲေလးၿမိဳ့လယ္ က်ဳံးေထာင့္ရွိ မီးပြိဳင့္တြင္ မီးနီေစာင့္ေနသည့္ ဆိုင္ကယ္စီးလာသူႏွစ္ဦးမွာ ဇြန္လ ၂၇ရက္ေန႔က ေသနတ္ျဖင့္ အနီးကပ္ပစ္ခတ္ခံခဲ့ရၿပီး ယေန႔ (ဇြန္လ ၂၈) တြင္ တရားခံကို ဖမ္းမိၿပီျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ေသနတ္ျဖင့္ ပစ္ခတ္ခံရသူကို ေဆး႐ုံတင္ထားရေၾကာင္း ကာယကံရွင္မိသားစုႏွင့္ ရဲတပ္ဖြဲ႕ထံမွ သိရွိရသည္။

ဇြန္လ ၂၇ ရက္ ည ၈ နာရီခြဲ၀န္းက်င္တြင္ အသက္ ၁၇ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးသည္ ရည္းစားျဖစ္သူႏွင့္အတူ ၂၆ လမ္းအတိုင္း အေရွ႕မွအေနာက္သို့ ေမာင္းႏွင္လာစဥ္ ၂၆ × ၈၀ လမ္းရွိ မီးပြိဳင့္တြင္ မီးနီမိသျဖင့္ ရပ္ေစာင့္ေနခိုက္ အမည္မသိ အမ်ိဳးသားႏွစ္ဦးသည္ ဆိုင္ကယ္ေပၚမွ ပစ္ခတ္ထြက္ေျပးခဲ့ျခင္း ျဖစ္သည္ဟု ရဲမွတ္တမ္းမ်ားအရ သိရသည္။

ထိုသို့ ပစ္ခတ္မွုေၾကာင့္ ဝဲနံေဘးေဖာက္၀င္ဒဏ္ရာ (မစိုးရိမ္ရ)ျဖင့္ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံ၌ ေဆးကုသမွု ခံယူလ်က္ရွိေၾကာင္း ဖခင္ျဖစ္သူက ေျပာသည္။

ထိုျဖစ္စဥ္အတြက္ ဖခင္ျဖစ္သူက ေအာင္ေျမသာစံၿမိဳ့နယ္ အမွတ္ ၂ နယ္ေျမရဲစခန္း၌ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၇/၃၂၆ တို့ျဖင့္ အမွုဖြင့္လွစ္ထားေၾကာင္း သိရသည္။

ျပစ္မွုက်ဴးလြန္သူ ေလးဦးအနက္ သုံးဦးကို ယေန႔နံနက္ပိုင္းက ဖမ္းဆီးရမိခဲ့ၿပီး ေသနတ္ျဖင့္ ပစ္ခတ္သူကို စစ္ကိုင္းတိုင္းေဒသႀကီး ေညာင္ပင္ဝန္းနယ္ေျမရဲစခန္းအပိုင္ ဒီပဲယင္းကြဲေက်းရြာ၌ ေန႔လယ္ပိုင္းတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕ထံမွ သိရွိရသည္။

LyMoNews The Voice

ပုံ – ရဲတပ္ဖြဲ႕

Unicode

မန္တလေးမြို့လယ်တွင် သေနတ်ဖြင့်အနီးကပ်ပစ်ခတ်မှုမှ တရားခံကို၂၄နာရီအတွင်း ဖမ်းမိ

မန္တလေး၊ ဇွန် ၂၈

မန္တလေးမြို့လယ် ကျုံးထောင့်ရှိ မီးပွိုင့်တွင် မီးနီစောင့်နေသည့် ဆိုင်ကယ်စီးလာသူနှစ်ဦးမှာ ဇွန်လ ၂ရရက်နေ့က သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံခဲ့ရပြီး ယနေ့ (ဇွန်လ ၂၈) တွင် တရားခံကို ဖမ်းမိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူကို ဆေးရုံတင်ထားရကြောင်း ကာယကံရှင်မိသားစုနှင့် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဇွန်လ ၂၇ ရက် ည ၈ နာရီခွဲဝန်းကျင်တွင် အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ရည်းစားဖြစ်သူနှင့်အတူ ၂၆ လမ်းအတိုင်း အရှေ့မှအနောက်သို့ မောင်းနှင်လာစဉ် ၂၆ × ၈၀ လမ်းရှိ မီးပွိုင့်တွင် မီးနီမိသဖြင့် ရပ်စောင့်နေခိုက် အမည်မသိ အမျိုးသားနှစ်ဦးသည် ဆိုင်ကယ်ပေါ်မှ ပစ်ခတ်ထွက်ပြေးခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ဝဲနံဘေးဖောက်ဝင်ဒဏ်ရာ (မစိုးရိမ်ရ)ဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း ဖခင်ဖြစ်သူက ပြောသည်။

ထိုဖြစ်စဉ်အတွက် ဖခင်ဖြစ်သူက အောင်မြေသာစံမြို့နယ် အမှတ် ၂ နယ်မြေရဲစခန်း၌ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၇/၃၂၆ တို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ လေးဦးအနက် သုံးဦးကို ယနေ့နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်သူကို စစ်ကိုင်းတိုင်းဒေသကြီး ညောင်ပင်ဝန်းနယ်မြေရဲစခန်းအပိုင် ဒီပဲယင်းကွဲကျေးရွာ၌ နေ့လယ်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

LyMoNews The Voice

ပုံ – ရဲတပ်ဖွဲ့

LEAVE A REPLY

Please enter your comment!
Please enter your name here